ဘန်ကောက်မြို့ထဲက ကလေးပြည့်တန်ဆာဂိုဏ်းကို ထိုင်းအထူးနိမ်နင်းရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်း

PP003
ဘန်ကောက်၊စက်တင်ဘာ ၂၉

ဘန်ကောက်မြို့ ဟိုဝါလမ်းဖုန်း Hua Lamphong မီရထား ဘူတာကြီး အနီးက တည်းခိုခန်းကို ထိုင်းအထူးနိမ်နင်းရေး ရဲတပ်ဖွဲ့တွေက စက်တင်ဘာလ ၂၈ ရက်နေ့မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ကြကြောင်း သိရပါတယ်။

ကလေးပြည့်တန်ဆာဂိုဏ်းကို ထိုင်းအထူးနိမ်နင်းရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်းနေစဉ်

အကြောင်းအမျိုးမျိုးကြောင့် အိမ်ကထွက်ပြေးလာတဲ့ ကလေးငယ်တွေကို ပြည့်တန်ဆာ အဖြစ်ခိုင်းစားနေတဲ့ အဓိက ဂိုဏ်းခေါင်းဆောင်နှင့်အဖွဲ့ဝင် ခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကလေးပြည့်တန်ဆာဂိုဏ်းကို ထိုင်းအထူးနိမ်နင်းရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်းနေစဉ်

အသက်( ၁၀ )နှစ်ကနေ (၁၄) နှစ်အကြားရှိ (မိန်းကလေး -ယောက်ကျားလေး) ၁၄ ဦးကို ထိမ်းထားပြီး လိင်တူဆက်ဆံသူတွေ ကိုတကြိမ်ခေါ်မယ်ဆိုရင် ထိုင်းဘတ်ငွေ ၃၀၀ နဲ့အော်ဒါမှာတဲ့ သူတွေ နေရာအရောက် လိုက်ပို့ နေကြတဲ့ (sex delivery ) အဖွဲ့ဂိုဏ်းဝင်တွကို အထူးရဲတပ်ဖွဲ့နဲ့ လူကုန်တား အဖွဲ့တွေက အချိန်ယူ ထောက်လှမ်း စုံစမ်းပြီးမှာ သူတို့ နေထိုင်နေတဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ကလေးပြည့်တန်ဆာဂိုဏ်းကို ထိုင်းအထူးနိမ်နင်းရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်းနေစဉ်

ကလေးပြည်တန်ဆာ ဂိုဏ်းဟာ ကလေးတွေကို မူးယစ်ဆေး သယ်ဆောင် ဖြန်းခိုင်းနေသလို့ ခိုင်းတာမလုပ်တဲ့ကလေးတွေကို သေလောက်အောင် ဝိုင်ရိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးပြည်တန်ဆာ ဂိုဏ်းရဲ့ အဓိက ဖေါက်သည်တွေဟာ လိင်တူချင်းဆက်ဆံနေတဲ့သူတွေလို့ သိရပါတယ်။

Credit-ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအသင်း

Exit mobile version