ထိုင်းဘုရင်၏အာဏာအသုံးပြုမှုအပေါ်စုံစမ်းစစ်ဆေးရန် ဂျာမနီကို ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ စာပို့တောင်းဆိုမည်
ဘန်ကောက်၊ အောက်တိုဘာ ၂၇ ဂျာမနီနိုင်ငံတွင် သွားရောက်နေထိုင်နေသည့် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ အာဏာအသုံးပြုမှုကိုစုံစမ်းစစ်ဆေးရန် ဂျာမနီအစိုးရထံ လက်မှတ်ထိုးတောင်းဆိုသွားမည်ဟု ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူများက တနင်္ဂနွေနေ့တွင် ပြောသည်။ အောက်တိုဘာ ၁၅ ရက်တွင်ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေ ကြေညာမှုကို ပြီးခဲ့သည့် တပတ်တွင်ပြန်ရုတ်သိမ်းပြီးနောက်...