အဂတိပြစ်ဒဏ်လေ ျှာ့ချခြင်းအချက်ပါသည့် ဥပဒေအသစ်ပြဌာန်းရန်ကြိုးစားနေသော အစိုးရ၏လုပ်ရပ်အား အင်ဒိုနီးရှားပြည်သူများ ဆန္ဒပြ

ဥပဒေအသစ်တစ်ရပ်ပြဌာန်းနိုင်ရန်ကြိုးပမ်းနေသည့် အင်ဒိုနီးရှားအစိုးရ၏လုပ်ရပ်ကိုရပ်တန့်ပေးရန် ဂျကာတာမြို့တော်ရှိ လွှတ်တော်အဆောက်အဦးအပြင်ဘက်တွင် ကျောင်းသားများကဆန္ဒပြတောင်းဆိုနေကြသည်။

အစိုးရ၏ဥပဒေအသစ်ထဲ၌အိမ်ထောင်ရေးဖောက်ပြန်သူများကိုအရေးယူသွားမည်ဖြစ်ပြီး အဂတိလိုက်စားမှုများကိုပြစ်ဒဏ်များလျော့ချ၍ထည့်သွင်းထားသည်ဟု ဆန္ဒပြသူများက ပြောကြသည်။

၎င်းဥပဒေအသစ်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကို ခြိမ်းခြောက်နေသည်ဟုအင်ဒိုလူ့အခွင့်အရေးလုပ်ရှားသူတစ်ဦးက ပြောသည်။

အဂတိတိုက်ဖျက်ရေးကော်မတီ၏လုပ်ပိုင်ခွင့်အာဏာများကို ဥပဒေအသစ်ကမထီမဲ့မြင်ပြုရာကြနေသည်ဟုကော်မရှင်အဖွဲ့ဝင်တစ်ဦးကလေည်း ပြောကြားထားသည်။

နိုင်ငံတော်သမ္မတကိုစော်ကားသည့်သူများကိုလည်း ထောင်ချနိုင်ရန်ဥပဒေအသစ်ထဲ၌ထည့်သွင်းထားသေးသည်ဟုသိရသည်။

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း၌ အဆိုပါဥပဒေအသစ်ကို ဆန္ဒပြနေကြသည်ဟုသိရသည်။

ဂျကာတာမြို့၌ဆန္ဒပြနေကြသည့်ကျောင်းသားများသည် ရဲတပ်ဖွဲ့၏ဖြိုခွဲမှုများကြောင့် ဒဏ်ရာရရှိသူဦးရေများပြားနေသည်ဟုသိရသည်။

Ref ; Thousands protest against new criminal code in Indonesia

Exit mobile version