ဘန်ကောက်၊ အောက်တိုဘာ ၂၇
ဂျာမနီနိုင်ငံတွင် သွားရောက်နေထိုင်နေသည့် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ အာဏာအသုံးပြုမှုကိုစုံစမ်းစစ်ဆေးရန် ဂျာမနီအစိုးရထံ လက်မှတ်ထိုးတောင်းဆိုသွားမည်ဟု ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူများက တနင်္ဂနွေနေ့တွင် ပြောသည်။
အောက်တိုဘာ ၁၅ ရက်တွင်ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေ ကြေညာမှုကို ပြီးခဲ့သည့် တပတ်တွင်ပြန်ရုတ်သိမ်းပြီးနောက် ရာထူးမှနုတ်ထွက်ရန် ၃ ရက်အချိန်ပေးထားသည်ကို ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက မသိကျွိုးကျွံပြုပြီးနောက်ပိုင်း တနင်္ဂနွေနေ့တွင်လည်း အစိုးရဆန့်ကျင်ဆန္ဒပြသူများက အကြီးအကျယ်ဆန္ဒပြခဲ့သည်။
တနင်္လာနေ့တွင် ထိုင်းမှဂျာမနီသံရုံးရှေ့တွင် ဆန္ဒပြရန်စီစဉ်ထားသည်။
ထိုင်းဘုရင်သည် ဂျာမနီနိုင်ငံတွင်အနေများသည်။
ဂျာမနီတွင်နေထိုင်စဉ် ဂျာမနီအစိုးရကလက်ခံမည်မဟုတ်သည့် ဥပဒေများကို အာဏာသုံးချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ သံရုံးထံစာတင်သွားမည်ဟု ဆန္ဒပြသူများက ထုတ်ပြန်သည်။
မည်သည့်အာဏာများအသုံးပြုခဲ့သည်ဟု ဆန္ဒပြသူများက အတိအကျမပြောချေ။
တောင်းဆိုရခြင်းသည် ထိုင်းနိုင်ငံကို စစ်မှန်သေ ာစည်းမျဉ်းခံဘုရင်စနစ်သို့ ပြန်ရောက်စေလိုသောကြောင့်ဖြစ်သည်ဟုလည်း ဆန္ဒပြသူများက ပြောသည်။
ယခင်ထိုင်းစစ်အစိုးရခေါင်းဆောင် ပရာရွတ်ကိုဖယ်ရှားရန် ဇူလိုင်လတွင် ဆန္ဒပြပွဲများစတင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေး၌ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ကြီးစိုးမှုကို ကူညီနေသည့် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုနေကြသည်။
Source – Reuters
#ဥက္ကာ
#MeKongNews