ဒေါ်နယ်ထရမ့်ဟာ တိုင်းပြည်အပေါ် သစ္စာဖောက်သူတစ်ယောက်ဖြစ်တယ်လို့ ဟီလာရီ ကလင်တန်ပြော

ဝါရှင်တန်၊ စက်တင်ဘာလ ၂၆ ရက်။
မနေ့က ဗုဒ္ဓဟူးနေ့မှာ ထရမ့်နဲ့ ယူကရိန်းသမ္မတတို့ရဲ့ ပြောစကားတွေ တရားဝင်ထွက်ပေါ်လာ အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က သမ္မတထရမ့်ဟာ အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်ပြီး ရန်သူကို အားပေးသူဖြစ်တယ်လို့ စွပ်စွဲပြော ကြားလိုက်ပြီး အန္တရာယ်ရှိတဲ့သူတစ်ယောက်လို့ ခေါ်ဝေါ်သုံးနှုန်းလိုက်ပါတယ်။

“ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဟာ တိုင်းပြည်အပေါ် သစ္စာဖောက်သူဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ ဆောင်ရွက်ချက်တစ်ခုမဟုတ်ပါဘူး။ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ တစ်ခုခုတော့ တုန့်ပြန်ဖို့ လိုပါတယ်´´ လို့ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က တွဒ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ ပါတယ်။

“ ကျမတို့ လွတ်လွတ်လပ်လပ်၊ ခိုင်ခိုင်မာမာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် သမ္မတဟာ အစစ်အမှန် အန္တရာယ်ရှိသူတစ်ဦးဖြစ်ပါတယ်။ အာဏာအလွဲသုံးမှုအတွက် စုံစမ်းစစ်ဆေးဖို့ကို ကျမအနေနဲ့ ထောက်ခံပါတယ်´´ လို့ ဟီလာရီ ကလင်တန်က ရေးသားထားပါ တယ်။

သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်ရတဲ့အကြောင်းကတော့ ဒုတိယသမ္မတဟောင်း ဂျိုး ဘစ်ဒင်ရဲ့ သား ဟန်တာ ဘစ်ဒင်ကို ယူကရိန်းရေနံ ကုမ္ပဏီတစ်ခုက လစာကောင်းတဲ့ အလုပ်ပေးခဲ့မှုနဲ့ ပတ်သက်ပြီး ဂျိုးဘစ်ဒင်ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းသမ္မတကို ဒေါ်နယ်ထရမ့်က ဖိအားပေးခဲ့တာကြောင့်လို့ ဆိုပါတယ်။

ထရမ့်ဟာ ယူကရိန်းသမ္မတ ဇာလန်စကီးနဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ဖုန်းဆက်ပြောကြားစဉ်အတွင်း ၂၀၂၀ ရွေး ကောက်ပွဲမှာ ၎င်းရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဂျိုးဘစ်ဒင်ရဲ့သား ယူကရိန်းရေနံ ကုမ္ပဏီမှာ အလုပ်ရရှိပုံကို အကြိမ်ပေါင်းများစွာ ဖိအားပေး ခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမယ့်လည်း ဂျိုးဘစ်ဒင်ရော သူ့ရဲ့သားပါ ဒီအလုပ်ကိစ္စမှာ ဘာမှ အမှားလုပ်တာမတွေ့ရကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
Myanmar Harp
Ref ; CNN

Exit mobile version