ကျားဖောင်လုပ်ငန်းခွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ MNHRC စုံစမ်းမည်

PP 003
ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကျားဖောင်လုပ်ငန်းခွင်အတွင်း လူကုန်ကူးနှိပ်စက်ခံနေရတာတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးတော့မယ်လို့ ကော်မရှင်ပြောခွင့်ရ ဦးယုလွင်အောင်က ဆိုပါတယ်။

မကြာသေးမီရက်ပိုင်းက ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်တစ်ခုထံ တက္ကသိုလ်ကျောင်းသားတစ်ဦး ရောင်းစားခံခဲ့ရပြီး နောက် လူထုအကြားဝေဖန်မှုတွေရှိနေခဲ့တာပါ။

အဲသည် အခြေအနေများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအစည်း အဝေးကို နိုဝင်ဘာ ၂၆ရက်တွင်ကျင်းပခဲ့ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ မကြာမီ သွားရောက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ စုံစမ်းစစ်ဆေးမှုက တက္ကသိုလ်ကျောင်းသားတစ်ဦးအမှု တစ်ခုတည်းကိုသာ ဆောင်ရွက်ခြင်းမဟုတ် ဘဲ ဖျာပုံမြို့နယ်အတွင်းရှိ ကျားဖောင်လုပ်ငန်းအားလုံးကို စစ်ဆေးမှာလို့ဆိုပါတယ်။

ဒဂုံတက္ကသိုလ် သမိုင်းဌာန နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း(၂၀နှစ်)ကို အောက်တိုဘာ ၂ ရက်က ပန်းဆိုးတန်း မြို့နယ်တွင် ရှိနေစဉ် အမျိုးသမီး ၂ ဦးက ရေလုပ်ငန်းတွင် အလုပ်လုပ်ပါက လစာငွေ သိန်း ၂၀ ရမယ်လို့ပြောကာ ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ ကျားဖောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံ ရောင်းစားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကျားဖောင်လုပ်ငန်းမှာ ဖောင်ဦးစီး ကျော်အောင်ဆိုသူက နှိပ်စက်သဖြင့် ဘယ်လက်ဖျံရိုးကျိုးကာ နားရွက်တွင် လည်း ပြတ်ရှဒဏ်ရာနဲ့ မျက်ခုံးကွဲဒဏ်ရာများ ရရှိခဲ့ပါတယ်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်လို့ ဖောင်ဦးစီးဖြစ်သူ အသက် ၄၂ နှစ်အရွယ်ရှိ ကျော်အောင်နှင့် အသက် ၄၂ နှစ်အရွယ်ရှိ ကိုအောင် ဗလ(ခေါ်) ဗလကြီးတို့ ၂ ဦးကို ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန် လူကုန်တားရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

ထို့အပြင် ကိုမြတ်သူရထွန်းကို ထိန်းချုပ်စေခိုင်း စည်းရုံးခဲ့ကြသူများဖြစ်သည့် ရန်ကုန်တိုင်း ဒလမြို့နယ်နေ မအေးသက်မာ၊ ၎င်း၏ မိခင်ဖြစ်သူ ဒေါ်နိုင်နိုင်ကျော်၊ ဒေါ်အန်းကုန်း၊ ဖျာပုံမြို့နယ်ရှိ ကိုသန်းကျော်နှင့် အမျိုးသား ၁ ဦးတို့အား ဖမ်းဆီးရ မိနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

Exit mobile version