ရုပ်ရှင်လောကသား များအား ကြံ့ခိုင်ရေးက အလှူငွေသိန်း ၄၀၀ကျော် ပေးအပ်လှူဒါန်း

မဲဆွယ်စည်းရုံးခြင်းလား အထင်ရှိသွားမည်ကို စိုးရိမ်၍ ပါတီတံဆိပ်ကိုပင် မတပ်ဟု ဦးသန်းဌေးပြော

ရန်ကုန်၊စက်တင်ဘာ ၂၂ရက်

ရုပ်ရှင်လောကသားများအား ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးသန်းဌေးက အလှူငွေ သိန်း ၄၀၀ကျော် ယနေ့ လှူဒါန်းခဲ့သည်။

ရုပ်ရှင်အနုပညာလောကသားများ ဖွဲ့စည်ထားသည့် အလွှာခုနှစ်ခုမှ သာရေးနာရေးအသင်းများအား အလှူငွေပေးအပ်ခြင်းဖြစ်ပြီး မဲဆွယ်ခြင်းမဟုတ်ဟု ဦးသန်းဌေးက အလှူငွေ ပေးအပ်ပွဲတွင် ပြောသည်။

“အခက်အခဲတွေ့နေကြတဲ့ ရုပ်ရှင်လောကသားတွေအတွက် ပေးလှူတာဖြစ်ပါတယ်။ဒါဟာ ရုပ်ရှင်လောကသားတွေအတွက် များပြားတဲ့အလှူငွေမဟုတ်ပေမယ့် တစ်ဖက် တစ်လှမ်းက ကူညီထောက်ပံ့ပေးခြင်းဖြစ်ပြီး ရုပ်ရှင်လောကသားတွေကို လေးစားတန်း ဖိုးထားခြင်းတစ်ခုသာဖြစ်ပါတယ်။ကျွန်တော်ဒီကနေ့ အခုလိုလာရောက်တွေ့ဆုံမှု မိမိတက်နိုင်သလောက်ထောက်ပံ့မှုတွေ လုပ်မယ်လို့ စဉ်စားလိုက်တဲ့ အချိန်မှာ စိတ်ထဲမှာ ငါဒီအလုပ်ကို သွားလုပ်တဲ့အတွက် ငါတို့ုကို လာပြီးတော့ မဲဆွယ်တယ် စည်းရုံးတယ်လို့ ဒီလိုများထင်မလားဆိုတဲ့ ခံစားချက်က အတော်ကြီးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်နောက်ခံစာတန်းထိုးတဲ့အခါမှာလည်း ပြည်ခိုင်ဖြိုးပါတီလည်းမထည့်နဲ့ ပါတီတံဆိပ်လည်းမထည့်နဲ့ ရိုးရိုးသာမာန်လှူးဒါန်းပွဲ ဒါမှမဟုတ်စေတနာရှင်များလို့သာ ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့ပါတယ်”ဟု ပြောသည်။

အလှူငွေများကို ဘိုကလေးတင့်အောင်၊ ဒေါ်မြင့်မြင့်ခင်၊ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောတို့အဖွဲ့၊ ဇာတ်ပို့ဇာတ်ရံအဖွဲ့၊ ဇာတ်ညွှန်းအလွှာအဖွဲ့၊ တည်းဖြတ်အလွှာအဖွဲ့နှင့် စက်မှုအလွှာအဖွဲ့များက လက်ခံခဲ့ကြသည်။

ရုပ်ရှင်အဖွဲ့သားများက ၎င်းတို့အခက်အခဲများနှင့် တွေ့နေချိန် အသိအမှတ်ပြုလာရောက်လှူဒါန်းပေးခြင်းနှင့် ယခုကဲ့သို့ အရောင်အသွေးမပါဘဲ လာလှူမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြသည်။

Myanmar Harp

Exit mobile version