ကျိုက်ထီးရိုးတောင်ပေါ်မှ ပျံကျဈေးသည်များကို ဥပဒေအရအရေးယူသွားရန် စေတီတော်ဂေါပကစီစဉ်

နိုဝင်ဘာ ၇ နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးစာပေးပို့ထား

ကျိုက်ထို၊ နိုဝင်ဘာ ၅ရက်

ကျိုက်ထီးရိုးတောင်ပေါ်မှ ပျံကျဈေးသည်များကို ဥပဒေအရအရေးယူသွားရန် စေတီတော်ဂေါပကစီစဉ်နေသည့်အကြောင်း ဂေါပကအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးလှိုင်က Myanmar Harp ကိုပြောသည်။

ပျံကျဈေးသည်များကို ဖယ်ရှားပေးရန်အသိပေးမှုများ၊သတိပေးမှုများ အကြိမ်ကြိမ်ပြု လုပ်ခဲ့သော် လည်း မလိုက်နာသည့် အပြင် လိုက်လံအသိ ပေးမှု၊သတိပေးမှုပြုလုပ်သူတို့ကို ရန်ပြုခြင်း၊ ဆက်လက်ရောင်း ချနေဆဲဖြစ်သည့်အတွက် နောက်ဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၇ နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးစာပေးပို့ထားကာ လိုက်နာမှုမရှိပါက ဥပဒေအရ ဆောင်ရွက်သွားမည့်အကြောင်း ၎င်းကရှင်းပြသည်။

ဂေါပက တာဝန်ရှိသူများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များနှင့် ပျံကျဈေးသည်များ အချင်းများနေစဉ်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့ နှင့် ယနေ့ညနေပိုင်းက ကျိုက်ထီးရိုးတောင်ပေါ် ကားဂိတ်နှင့် ခြင်္သေ့နှစ်ကောင် မုခ်ဦးတစ်လျှောက် ဈေးရောင်းနေသော ပျံကျဈေးသည်များကို ရှင်းလင်းစဉ် ဂေါပက တာဝန်ရှိသူများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များနှင့် ပျံကျဈေးသည် များ အချင်းများခဲ့ကြကာ ဒဏ်ရာရသူအချို့ပင်ရှိခဲ့သည်။

ဂေါပက တာဝန်ရှိသူများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များနှင့် ပျံကျဈေးသည်များ အချင်းများနေစဉ်။

“ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်း အသီးသီးကိုလည်း ဖြစ်စဉ် အသေးစိတ်ကို တင်ပြထားပါတယ်။ တာဝန်ရှိသူတွေကတော့ ကျိုက်ထီးရိုးဘုရားက အနယ်နယ် အရပ်ရပ်နဲ့ နိုင်ငံတကာကလည်း လာကြတယ်။ အဲတော့ သန့်ရှင်းဖို့နဲ့ စည်းကမ်းတကျလုပ်ကြဖို့ လမ်းညွှန်ထားပါတယ်၊ ကျွန်တော်တို့ အဖွဲ့ပေါင်းစုံ တိုင်ပင်ပြီး ပျံကျဈေးသည်တွေကို နိုဝင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား ရှင်းလင်းမှာပါ“ဟု ဦးစိုးလှိုင်ကပြောသည်။

Myanmar Harp

Exit mobile version