တစ်နိုင်ငံလုံး ငွေထုတ်ငွေသွင်းကို သမ္မတရုံးစောင့်ကြည့်

PP001
နေပြည်တော်၊စက်တင်ဘာ ၁၃

တစ်နိုင်ငံလုံး၏ ငွေထုတ်ငွေသွင်းစာရင်းများကို သမ္မတရုံးက စောင့်ကြည့်နေကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်နေ့ နိုင်ငံတော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ဦးဇော်ဋ္ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ နေ့စဉ်နေ့စဉ် သမ္မတရုံးက စောင့်ကြည့်နေ တယ်။တစ်နိုင်ငံလုံးရဲ့ ငွေထုတ်ငွေသွင်းကို ” ဟု၎င်းကပြောသည်။

ဘဏ်လုပ်ငန်းများနှင့် ငွေကြေးစနစ် တည်ငြိမ်စေရန် ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိန်းကြောင်းခြင်းနှင့် အစိုးရ၏ အုပ်ချုပ်မှုနည်းလမ်းထိန်းကြောင်းခြင်း တို့ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

“ငွေထုတ်တာများရင် ဒီပိုက်ဆံတွေ ဘယ်ရောက်သွားလဲပေါ့။ ဒါမျိုးတွေ ကျွန်တော်တို့ လိုက်ပြီးတော့ အုပ်ချုပ်မှုနည်းလမ်းနဲ့ ဆောင်ရွက်ရတဲ့ အပိုင်းတွေရှိပါတယ်” ဟု၎င်း ကဆိုသည်။

ဗဟိုဘဏ်မှနေ၍ ဘဏ်များရှိ ငွေထုတ်ငွေသွင်း စာရင်းများကို စောင့်ကြည့်နေကာ ယင်းအခြေအနေများကိုလည်း သမ္မတရုံးသို့ နေ့စဉ်အစီရင် ပေးပို့ပေးနေကြောင်း ၎င်းကပြောသည်။

“အခုဆိုရင်နေ့စဉ် ဒီလိုမျိုးညနေပိုင်းဆိုရင် ဗဟိုဘဏ်ကသမ္မတရုံးကို တစ်နိုင်ငံလုံး ရှိဘဏ်တွေရဲ့ ငွေဘယ်လောက်ထုတ်တယ်၊ငွေဘယ်လောက်သွင်းတယ် Plus or minus ဘဏ်တစ်ဘဏ်ချင်းစီရဲ့ စုစုပေါင်း စာရင်းတွေ အကုန်လုံးပေးတယ်”ဟု၎င်းကပြောသည်။

ပြီးခဲ့သောစက်တင်ဘာ ၆ ရက်နေ့၌ အစိုးရတာဝန်ရှိသူများ၊ဗဟိုဘဏ် တာဝန်ရှိသူများက ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံခဲ့ကာ လက်ရှိကြုံတွေ့နေရသော အခက် အခဲများ၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ညှိနှိုင်းခဲ့ပြီး ယင်းတို့ကိုလည်း အကောင် အထည် ဖော်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယင်းအပြင် ရွေဈေးကွက်အတွင်း တည်ငြိမ်မှုရှိစေရန်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်နေကာ လက်ရှိအချိန်တွင် အခြေအနေအရပ်ရပ်မှာ တည်ငြိမ်နေပြီဖြစ်ကြောင်း ဦးဇော်ဋ္ဌေး ကပြောသည်။

“နောက်တစ်ချက်ကတော့ ဒေါ်လာဈေးပေါ့နော် ဒီမနက်ပိုင်း ဘယ်ေ လာက်ဖွင့်တယ် ညနေဘယ်လောက်ပိတ်တယ်။ ဘယ်လောက်တက်လာတယ်၊ Plus and minus အဲစာရင်းတွေပေးတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သော လဆန်းပိုင်းတွင် ကောလဟလများကြောင့် ဘဏ်များမှငွေထုတ်ယူမှု ဖြစ်ပေါ်ခဲ့ကာရွှေဈေးကွက်နှင့် ဒေါ်လာဈေးကွက် အတွင် ဝင်ရောက်ရောင်း ဝယ်မှု ကြောင့် ဈေးကွက်များ ကမောက်ကမဖြစ်ခဲ့ရသည်။

Exit mobile version