PP006
ရန်ကုန်၊စက်တင်ဘာ ၂၈
ဖောက်စွပ်ယာဉ်များကို အောက်တိုဘာ ၁ရက်မှစ၍ စလစ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
မော်တော်ယာဉ်တစ်စီး၏ အစိတ်အပိုင်းအား မမှန်မကန် body Coach ပြောင်း(ဖောက်စွပ်/ဖြတ် ဆက်)ယာဉ်များအားသိမ်းဆည်း မှတ်ပုံတင်ဖျက်သိမ်းအရေးယူခြင်းအစား ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင်သွင်းခွင့်ပုံစံ ဃ (စလစ်)ထုတ်ပေးမည်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် ရဲစခန်းများများနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနရုံးများတွင် ထိန်းသိမ်းထားသော body Coach ပြောင်းယာဉ်များ၊ body Coach ပြောင်းလဲထားကြောင်းစစ် ဆေးတွေ့ရှိရသဖြင့်မှတ်ပုံတင်ဖျက်သိမ်းမိန့် ထုတ်ပြန်ထားပြီဖြစ်သော်လည်းယာဉ်ပိုင်ရှင်များကလာ ရောက်အပ်နှံခြင်းမရှိသေးသည့် ယာဉ်များနှင့်ထပ်မံစစ်ဆေးတွေ့ရှိလာမည့် body Coach ပြောင်း ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင်သွင်းခွင့်ပုံစံဃ (စလစ်)ကိုအောက်တိုဘာ ၁ရက်မှစ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြေညာထားသည်။
လက်ရှိအရေးယူထားသည့် (ဖောက်စွပ်/ဖြတ် ဆက်)ယာဉ်များအပါအဝင်နောင် တွင်ထပ်မံစစ်ဆေးတွေ့ရှိသည့်ယာဉ်များကို ချက်ချင်းသံရည်ကျို အပ်နှံစေ၍ စလစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှဦးစီးမှူးဦးလျန်ကျင့်မန်ကပြော သည်။
ရောင်းမှား ဝယ်မှားဖြင့်အလိမ်ခံရသည့် ယာဉ်ပိုင်ရှင်များကိုပါဝင်လာသဖြင့် ဖြေလျော့သည့်အနေဖြင့် ယခုကဲသို့စ လစ်ထုတ်ပေးသည့်စနစ်ကိုပြောင်း လဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးလျန်ကျင့်မန်ကဆိုသည်။
“လူစီးဆိုရင်လူစီးထုတ်ပေးရ မယ်။ပစ်ကပ်ဆိုရင် ပစ်ကပ်ထုတ်ပေး ရမယ်ဆိုတဲ့ရုံးမိန့်အတိုင်းပဲ လုပ်ပေးမှာဖြစ်ပါတယ်။အဲဒါနဲ့ပတ်သက်လို့ယာဉ်အို ယာဉ်ဟောင်းအပ်နှံတဲ့စလစ်အ ကုန်လုံးပေးမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
မော်တော်ယာဉ်ဝယ်ယူရာတွင် ယာဉ်မှန်မမှန်ကို ကညန ရုံးများတွင် သွားရောက်စစ်ဆေးပြီး မှသာဝယ်ယူသင့်ကြောင်းဦးလျန် ကျင့်မန်က အကြံပြုသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့်ဖောက်စွပ် မော်တော်ယာဉ်များကို သိမ်းဆည်း ထားပြီးမှတ်ပုံတင်ဖျက်သိမ်းအရေးယူထားကြောင်းသိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင်၂၀၁၇ ခုနှစ်မှ၂၀၁၉ခုနှစ်စက်တင်ဘာ၂၃ ရက်အထိ(ဖောက်စွပ်/ဖြတ် ဆက်)ယာဉ်၃၆၂စီးအရေးယူထား ကြောင်းသိရသည်။
အရေးယူခံထားရသည့်ယာဉ် ပိုင်ရှင်များအနေဖြင့်သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများနှင့်ဆက်သွယ် ဆောင်ရွက်သွားရမည်ဖြစ်သည်။
ဖောက်စွပ်ယာဉ်များကို အောက်တိုဘာ ၁ရက်မှစ၍ စလစ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
မော်တော်ယာဉ်တစ်စီး၏ အစိတ်အပိုင်းအား မမှန်မကန် body Coach ပြောင်း(ဖောက်စွပ်/ဖြတ် ဆက်)ယာဉ်များအားသိမ်းဆည်း မှတ်ပုံတင်ဖျက်သိမ်းအရေးယူခြင်းအစား ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင်သွင်းခွင့်ပုံစံ ဃ (စလစ်)ထုတ်ပေးမည်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် ရဲစခန်းများများနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနရုံးများတွင် ထိန်းသိမ်းထားသော body Coach ပြောင်းယာဉ်များ၊ body Coach ပြောင်းလဲထားကြောင်းစစ် ဆေးတွေ့ရှိရသဖြင့်မှတ်ပုံတင်ဖျက်သိမ်းမိန့် ထုတ်ပြန်ထားပြီဖြစ်သော်လည်းယာဉ်ပိုင်ရှင်များကလာ ရောက်အပ်နှံခြင်းမရှိသေးသည့်ယာဉ်များနှင့်ထပ်မံစစ်ဆေးတွေ့ရှိလာမည့် body Coach ပြောင်း ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင်သွင်းခွင့်ပုံစံဃ (စလစ်)ကိုအောက်တိုဘာ ၁ရက်မှစ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြေညာထားသည်။
လက်ရှိအရေးယူထားသည့် (ဖောက်စွပ်/ဖြတ် ဆက်)ယာဉ်များအပါအဝင်နောင် တွင်ထပ်မံစစ်ဆေးတွေ့ရှိသည့်ယာဉ်များကို ချက်ချင်းသံရည်ကျို အပ်နှံစေ၍ စလစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှဦးစီးမှူးဦးလျန်ကျင့်မန်ကပြော သည်။
ရောင်းမှား ဝယ်မှားဖြင့်အလိမ်ခံရသည့် ယာဉ်ပိုင်ရှင်များကိုပါဝင်လာသဖြင့် ဖြေလျော့သည့်အနေဖြင့် ယခုကဲသို့စ လစ်ထုတ်ပေးသည့်စနစ်ကိုပြောင်း လဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးလျန်ကျင့်မန်ကဆိုသည်။
“လူစီးဆိုရင်လူစီးထုတ်ပေးရ မယ်။ပစ်ကပ်ဆိုရင် ပစ်ကပ်ထုတ်ပေး ရမယ်ဆိုတဲ့ရုံးမိန့်အတိုင်းပဲ လုပ်ပေးမှာဖြစ်ပါတယ်။အဲဒါနဲ့ပတ်သက်လို့ယာဉ်အို ယာဉ်ဟောင်းအပ်နှံတဲ့စလစ်အ ကုန်လုံးပေးမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
မော်တော်ယာဉ်ဝယ်ယူရာတွင် ယာဉ်မှန်မမှန်ကို ကညန ရုံးများတွင် သွားရောက်စစ်ဆေးပြီး မှသာဝယ်ယူသင့်ကြောင်းဦးလျန် ကျင့်မန်က အကြံပြုသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့်ဖောက်စွပ် မော်တော်ယာဉ်များကို သိမ်းဆည်း ထားပြီးမှတ်ပုံတင်ဖျက်သိမ်းအရေးယူထားကြောင်းသိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင်၂၀၁၇ ခုနှစ်မှ၂၀၁၉ခုနှစ်စက်တင်ဘာ၂၃ ရက်အထိ(ဖောက်စွပ်/ဖြတ် ဆက်)ယာဉ်၃၆၂စီးအရေးယူထား ကြောင်းသိရသည်။
အရေးယူခံထားရသည့်ယာဉ် ပိုင်ရှင်များအနေဖြင့်သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများနှင့်ဆက်သွယ် ဆောင်ရွက်သွားရမည်ဖြစ်သည်။