လုံခြုံရေးအခြေအနေဆိုးလာတာကြောင့် ချင်းပြည်နယ်၊ ပလက်ဝမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

PP 003
ပလက်ဝ၊ နိုဝင်ဘာ ၉

လုံခြုံရေးအခြေအနေဆိုးလာတာကြောင့် ချင်းပြည်နယ်၊ ပလက်ဝမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်၀န်ကြီးဦးစိုးထက်က ပြောပါတယ်။

အဆိုပါအမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ယနေ့ထုတ်ပြန်ခဲ့တာလို့ ၎င်းကပြောပါတယ်။

ယင်းညမထွက်ရအမိန့် (ပုဒ်မ ၁၄၄)မှာ ကာလအားဖြင့် ၂လဖြစ်ပြီး ည၆နာရီမှ နံနက်ဘ၆နာရီအတွင်း တာဝနမှအပ ဘယ်သူမှ အပြင်ထွက်ခွင့်မရှိဘူးလို့ သိရပါတယ်။

ချင်းမှာ လက်ရှိအချိန်ထိ အမတ်တစ်ပီးအပါအဝင် ဒေသခံတွေ ၈၀ကျော်ဟာ AAအဖွဲ့ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီး အနိမ့်ဆုံး ၁၅ဦးမှာ ပြန်မလွတ်သေးဘူးလို့ ဦးစိုးထက်ကပြောပါတယ်။

Exit mobile version