ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း အာမခံရ

PP001
ရန်ကုန်၊စက်တင်ဘာ ၁၃

မော်တော်ယာဉ် ၅ စီး ဝယ်ယူရာတွင် ငွေကြေးအလွဲသုံးစားမှု ပြုလုပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသော ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို တရားရုံးက ယနေ့အာမခံပေးလိုက်ကြောင်းသိရသည်။


ကျန်းမာရေးမအခြေအနေဆိုးရွားနေ၍ ၎င်း၏အာမခံလျှောက်ထားမှုကို ပုသိမ်မြို့နယ် တရားရုံးက စက်တင်ဘာလ ၁၃ ရက်နေ့တွင် အာမခံပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစံမင်းအောင်သည် ဘယ်ဘက်ကျောက်ကပ်တွင် ကျောက်တည်နေပြီး တီဘီရောဂါ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လိပ်ဂေါင်းရောဂါတွေခံစားနေရပြီး အထူးကု ဆရာဝန်များ နှင့်ပြသ သင့်ကြောင်း၎င်းကိုကုသပေးနေသော ဆရာဝန်က တရားရုံးတွင် ထွက်ဆိုထား သည်။


ဦးစံမင်းအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ တိုင်းလွှ တ်တော်ရုံးတွင် အသုံးပြုရန်အတွက် ကျပ် ၁၅၄၁ ဒသမ ၅ သိန်းကို ထုတ်ယူပြီး ယာဉ်အသစ် တစ်စီး၊ အသုံးပြုပြီးယာဉ် လေးစီးကို ဝယ် ယူခဲ့ပြီး ကျန်ငွေ ၁၉ သိန်းကျော်ကို မိမိကိုယ်ကျိုး အတွက် သုံးစွဲခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။

ထို့ကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက အမှုဖွင့် တိုင်တန်းခဲ့ရာ ပုသိမ်မြို့နယ်တရားရုံးက အမှုကိုလက်ခံပြီး လာမည့်စက်တင်ဘာ ၁၉ ရက်နေ့တွင် တရားလိုကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အမှုကို ရှုပ်ထွေးသည့်အမှု အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း ၂၇၀ အတွင်းပြီးစီးအောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်တရားရုံးထံမှ သိရသည်။

Exit mobile version