AA လက်နက်ကိုင်များလာတိုက်ခြင်းကို တွန်းလှန်နိုင်ခဲ့သည့် ဒုရဲအုပ် ၃ ဦးကို အထူးကိစ္စရပ်အနေဖြင့် ရာထူးတိုးမြှင့်ပေး

PP001
ရန်ကုန်၊စက်တင်ဘာ ၂၇

AA လက်နက်ကိုင်များလာတိုက်ခြင်းကို တွန်းလှန်နိုင်ခဲ့သည့် ဒုရဲအုပ် ၃ ဦးကို အထူးကိစ္စရပ်အနေဖြင့် အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ရဲအုပ်ရာထူးတိုးမြှင့်ပေးခဲ့ကြောင်းသိရသည်။

၎င်းတို့သည် အမှတ် ၁ နယ်ခြားစောင့်ရဲကွက်ကဲမှုအဖွဲ့အောက်မှ ရခိုင်ပြည်နယ် ညောင်ချောင်းနယ်မြေရုံးတွင် လုံခြုံရေးဆောင်ရွက်နေစဉ် ဇူလိုင် ၂၆ ရက်နံနက် ၄ နာရီခန့်က AA လက်နက်ကိုင်များက လက်နက်ကြီးပစ်ကူများဖြင့် လာရောက် တိုက်ခိုက်ခဲ့ရာတွင် မိမိတို့နယ်မြေရုံး AAများ လက်သို့မကျရောက်စေရန် ခုခံ တိုက်ခိုက်နိုင်ခြင်း ကြောင့် ယခုကဲ့သို့ ရာထူးတိုးမြှင့်ပေး လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။

ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအသင့်အနေအထားကို တွေ့ရစဉ်။

ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စက်တင်ဘာ ၂၆ ရက်စွဲပါ အမိန့်စာဖြင့် ရဲမှူးကြီး ၆ဦးနှင့် ရဲအရာရှိများကို အပြောင်းအရွှေ့ ပြုလုပ်ခြင်း၊ ရဲအရာရှိအချို့ကို ရာထူးတိုးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအသင့်အနေအထားကို တွေ့ရစဉ်။

မကြာသေးခင် ရက်ပိုင်းကလည်း တိုင်း၊ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ဒုတိုင်းပြည်နယ် ရဲတပ်ဖွဲ့မှူး အချို့တို့ကို နေရာ အပြောင်းအရွှေ့များပြုလုပ်ခဲ့ကြောင်းသိရသည်။

Exit mobile version