ဒေသန္တရအမိန့်အားဖောက်ဖျက်ပြီးလူစုလူဝေးဖြင့်မဂ်လာဆောင်သည့် တမူးမှ ပြည်တော်ပြန်ကိုအမှုဖွင့်အရေးယူ

စည်းကမ်းလိုက်နာမှုမရှိသူများကို ဥပဒေနှင့်အညီ စစ်ကိုင်းအစိုးရအဖွဲ့ တိတိကျကျ အရေးယူသွားမည်

တမူး၊မတ်လ၂၉ရက်

ဒေသန္တရအမိန့်အားဖောက်ဖျက်ပြီးလူစုလူဝေးဖြင့်မဂ်လာဆောင်သည့် တမူးမှ ပြည်တော်ပြန်ကို တမူးရဲစခန်းက (ပ)၄၇/၂၀၂၀၊၂၀၁၃ခုနှစ်၊
သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၃၀-က)အရအမှုဖွင့်အရေးယူလိုက်ကြောင်းသိရသည်။

COVID-19နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ဒေသန္တရအမိန့်များ ထုတ်ပြန်နေခြင်းသည် အများပြည်သူ၏အသက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက် နေခြင်းဖြစ်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၏ ညွှန်ကြားချက်၊အမိန့်များမလိုက်နာလျှင် တိတိကျကျအရေးယူရမည်သာဖြစ်သည်ဟု တာဝန်ရှိသူများက Myanmar Harp ကိုပြောသည်။

ယခု အမှုဖွင့်အရေးယူခံရသည့် တမူးမှ ပြန်တော်ပြန်မှာ တမူးခရိုင်၊တမူးမြို့နယ်၊
ခမိတ်ကျေးရွာအုပ်စု၊ခွန်မွန်းနွန် ကျေးရွာနေ
မောင်ထန်လင်းရှိန် ဆိုသူဖြစ်ပြီး အသက်(၃၅)နှစ်ရှိသူဖြစ်ကာ မတ်လ၁၇ရက်နေ့ကမှ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့
ပြန်လာခဲ့သူဖြစ်သည်။

၎င်းသည် ယမန်နေ့ မတ်လ(၂၈)ရက်နေ့ က လူ၁၀၀ကျော် ဖြင့်ခွန်မွန်းနွန်ကျေး ရွာ နေအိမ်တွင် လူစုလူဝေးဖြင့် မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သဖြင့် အမှုဖွင့်အရေးယူခံရခြင်းဖြစ်သည်။

အမှုဖွင့်အရေးယူခြင်းကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကာ စည်းကမ်းလိုက်နာမှုမရှိသူများကို ဥပဒေနှင့်အညီ တိတိကျကျ အရေးယူသွားရန်လည်း တိုင်းအတွင်းတာဝန်ရှိသူများကိုလမ်းညွန်လိုက်ကြောင်းသိရသည်။

Myanmar Harp

Exit mobile version