ဂျပန်နိုင်ငံ တွင် နာမည်ကြီး တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အသေးစားမြေပြိုမှုများဖြစ်ပေါ်ခဲ့

ဂျပန်နိုင်ငံ တွင် နာမည်ကြီး တိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် အသေးစားမြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး တံတားတစ်စင်းပျက်စီးခဲ့သည့်အပြင် အိမ်ခြေပေါင်း(၉၃၀၀၀၀)ခန့် လျှပ်စစ်မီးပြတ်တောက်နေ

တိုကျို ၊ စက်တင်ဘာ ၉

ဂျပန်နိုင်ငံထဲ ဝင်ရောက်တိုက်ခတ်လ ျှက်ရှိနေသည့် (Faxai)တိုင်ဖွန်းမုန်တိုင်းသည် ယနေ့မနက်ပိုင်းက တိုကျိုမြို့အရှေ့ပိုင်းသို့ ဖြတ်ကျော် ခဲ့သည်။

မုန်တိုင်းဒဏ်ကြောင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု ကနဦးသတင်းတွေအရသိရှိရပြီး မိုးသည်းထန်စွာဆက်လက်ရွာသွန်းနေသည့်အတွက် ပင်လယ်ရေမြင့်တက်လာနိုင်သည်ဟုဂျပန်မိုးလေဝသဌာနကသတိပေးချက်ထုတ်ပြန်ထားသည်။

တိုကျိုမြို့အရှေ့ဘက်ရှိ ချီဘာမြို့သို့ ဖြတ်သန်းစဉ် လေတိုက်နှုန်းမှာ တစ်နာရီလ ျှင် (၁၂၈)ကီလိုမီတာရှိသည်ဟု မိုးဇလ ဌာနက ကြေညာခဲ့သည်။

ယခုမုန်တိုင်းသည်ချီဘာမြို့အတွက် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်ကြောင်းအန်အိချ်ကေသတင်းဌာနကကြေညာပြီး ကားများပင် လွှင့်စင်ထွက်သွားသည်အထိ မုန်တိုင်းအားက ကြီးမားခဲ့သည်။

မုန်တိုင်းကြောင့် မြို့အတွင်းတွင် အသေးစားမြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး တံတားတစ်စင်းပျက်စီးခဲ့သည့်အပြင် အိမ်ခြေပေါင်း(၉၃၀၀၀၀)လောက် လျှပ်စစ်မီးပြတ်တောက်နေသည်ဟု သိရသည်။

ဂျပန်နိုင်ငံအတွင်းနှစ်စဉ်မုန်တိုင်းများဝင်ရောက်တိုက်ခတ်လေ့ရှိသော်လည်း ယခုကဲ့သို့ တိုကျိုမြို့အနီးအနားတွင် တိုက်ခတ်လေ့မရှိကြောင်း သတင်းဌာန၏ဖော်ပြချက်အရသိရသည်။

Ref ; Record-breaking Typhoon Faxai batters Tokyo, leaving one dead and causing travel chaos in Japan

Exit mobile version