ICJ တွင် တရားစွဲဆိုခံရသည့် အခြေအနေကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လေးစားလိုက်နာရန် ကေအဲန်ယူက အစိုးရကိုတိုက်တွန်း

PP001
ရန်ကုန်၊နိုဝင်ဘာ ၂၃
ICJ တွင် တရားစွဲဆိုခံရသည့် အခြေအနေကြောင့် အစိုးရအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လေးစားလိုက်နာရန် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ကတိုက်တွန်းလိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး၊ကမ္ဘာနိုင်ငံရေး အခြေအနေနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စများ၊ အစိုးရရင်ဆိုင်နေရသော တရားရေးဆိုင်ရာကိစ္စရပ်များတို့အပေါ် သုံးသပ်ပြီး အစိုးရအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ နှင့် စံချိန်စံညွှန်းများကို လေးစား လိုက်နာ လုပ်ဆောင်သွားရန်တိုက်တွန်းခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့ က ကြေညာချက်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
ကေအိန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၆) ကြိမ်မြောက် ကွန်ကရက်အပြီး တတိယအကြိမ် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး(ဒုတိယပိုင်း) ကို နိုဝင်ဘာလ ၅ရက်နေ့မှ ၂၂ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး ယင်းကြေညာချက်ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံအတွင်း အရှည်ကြာဆုံးသော ပြည်တွင်းစစ်အတွင်း ပါဝင်တော်လှန်နေသည့် ကာလတလျောက်လုံး တွင် အရပ်သားအကာအကွယ်ပေးမှု နှင့် ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကို လုပ်ဆောင်ခဲ့ပြီး ရှေ့ဆက်တွင်လည်း စဉ်ဆက်မပြတ် ရပ်တည် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းတို့ကကြေညာခဲ့သည်။
ယင်းအပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အပေါ်ရပ်တည်ချက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရွှေဆက်နိုင်ရေးအတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနိုင်းအစည်းအဝေး(JICM)မှတဆင့် ပြန်လည်အစပြု စတင်နိုင်ရေးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေကြသည့် Stakeholderများဖြစ်သော အစိုးရ၊တပ်မတော်၊ EAO တို့ဖြင့် တွေ့ဆုံညှိနှိုင်းပြီး ရှေ့ဆက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် အဓိပ္ပါယ်ပြည့်ဝစွာဖြင့် ပါဝင်လုပ်ဆောင်သွားရန် သဘောထား ထုတ်ပြန်ခဲ့ည်။
ကေအဲန်ယူအစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီဝင် (၅၅)ဦး ရှိသည့်အနက် ကော်မတီဇင် (၄၀) ဦး နှင့် အထူးဖိတ်ကြားခံရသည့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
တတိယကြိမ်မြောက် ဟိုအမြဲတမ်းကော်မတီအစည်းအဝေးတွင် ကေအဲန်ယူ-ဗဟိုအလုပ်အမှုဆောင်ကော်မတီ မှ တင်သွင်းသည့် နိုင်ငံရေးမွေးနွေးပွဲဆိုင်ရာလုပ်ငန်းစဉ်များ နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပိုမိုခိုင်မာလာစေရေးအတွက် ငြိမ်းချမ်း၊လုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာအပေါ် အပြန်အလှန်အကြေအလည် ဆွေးနွေးကြကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

Exit mobile version