စက်မှုဝန်ကြီးဌာနကို အစိုးရနှင့် လွှတ်တော်တို့ စုံခုံ ဖွဲ့စစ်မည်

တည်ဆောက်ရေးလုပ်ငန်းများခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့သည့် ကိစ္စအပြင် အခြားသောကိစ္စများအစစ်ခံရမည်

နေပြည်တော်၊စက်တင်ဘာ ၁၂ရက်

စက်မှုဝန်ကြီးဌာန၏ အသုံးစရိတ်တောင်းခံလာမှုနှင့် ပါတ်သတ်ပြီး ကျင်းပနေဆဲပြည်ထောင်စုလွှတ်တော်ထဲတွင် ပေးသင့်၊မပေးသင့် NLD အမတ်များအကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်ခဲ့ပြီး မဲခွဲဆုံးဖြတ်လိုက်ရသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

စက်မှုဝန်ကြီးဌာနက မြင်းခြံသံမဏိစက်ရုံ အတွက် အသုံးစရိတ်ဘီလီယံ၉၀၀၀ကျော်အား လွှတ်တော်ထံတင်ပြ တောင်းဆိုထားခဲ့သည့် ကိစ္စနှင့် ပါတ်သတ်ပြီး အငြင်းပွားခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်စန်းလှိုင်က တောင်းခံထားသည့် ငွေကို လတ်တလောငြင်းပယ်သင့်ကြောင်း ဥပဒေပါ အချက်အလက်များကိုင်စွဲပြီး အဆိုတင်ခဲ့သည်။

လွှတ်တော်ငွေစာရင်းကော်မတီကမူ ဖြတ်တောက်မှုပြုလုပ်ထားပြီး ဖြစ်သည့် ငွေကျပ်ဘီလီယံ ၇၀၀၀ကျော်အား ပေးသင့်ကြောင်း စသည်ဖြင့် လွှတ်တော်အား အသီးသီးတင်ပြခဲ့ကြသည်။

မြင်းခြံသံမဏိစက်ရုံ အတွက် အသုံးစရိတ် မပေးသင့်ဟု ကန့်ကွက်အဆိုတင်ခဲ့သည့် ဒေါ်ခင်စန်းလှိုင်က သက်ဆိုင်ရာဌာနများသည် လျာထားသတ်မှတ်ထားသည့် အသုံးစရိတ်ထက် ပိုမိုသုံးစွဲခွင့်မပြုရဆိုသော တားမြစ်ချက်သံမဏိစည်းကမ်းကို ချထားပြီးဖြစ်၍ ယခုအသုံးစရိတ်သည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် မညီပါ ဟု ထောက်ပြ ပြောဆိုခဲ့သည်။

ယခု တောင်းခံထားသည့်ငွေအား ပြည်ထောင်စုက ပေးရန်ရှိသည့် အသုံးစရိတ်ကြွေးမြီများ ခေါင်းစဉ်အောက်တွင် မထားသင့်ကြောင်း၊ယင်းအပြင်ငွေစာရင်းကော်မတီက စက်မှုဝန်ကြီးဌာန၏ တောင်းခံမှုအပေါ် ၂၅ရာခိုင်နှုန်းဖြတ်တောက်ပြီး ဘီလီယံ ၇၀၀၀ကျော် ပေးသင့်ဟု ဆိုခြင်းကလည်း မူအားဖြင့် လွဲမှားနေကြောင်း၊ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် ညီသည့် ငွေဆိုသည်က ပြည်ထောင်စုအစိုးရက ကြိုတင်သိရှိအာမခံထားသည့် ကြွေးမြီများကို ဆိုလိုခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

“အခုလို စည်းလွတ်ဘောင်လွတ် သုံးချင်သလိုသုံးပြီး သုံးစွဲစဉ်အခါက အစိုးရတောင်မသိလိုက်ရတဲ့ ကြွေးမြီမျိုးကို ဆိုလိုတာမဟုတ်ပါဘူး“ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ထို့ကြောင့် စုံစမ်းရေးကော်မတီဖွဲ့ပြီး မှ ပေးသင့်ပေးထိုက်သည်များကို ပေးသင့်ပြီး အသုံးစရိတ်မပေးရန် သူမက ကန့်ကွက်အဆိုတင်ခဲ့သည်။

ကန့်ကွက်အဆိုအပေါ် စက်မှုဝန်ကြီးဌာနက လွှတ်တော်၏ သဘောထားအတိုင်း၊ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တို့ကမူ ကန့်ကွက်မှုအပေါ် လက်မခံဘဲ ပေးသင့်ကြောင်း သဘောထားပြုခဲ့ကြသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဦးအောင်မင်းက စက်မှုဝန်ကြီးဌာနဘက်က တောင်းခံထားသည့် အသုံးစရိတ်အပေါ် ပူးပေါင်းအ ဖွဲ့က စီစစ်ပြီး ကော်မတီထံသို့ ထောက်ခံတင်ပြခဲ့ကြောင်း၊ကော်မတီဘက်ကလည်း အချက် ၃ချက်ဖြင့် စဉ်းစားပြီး ခွင့်ပြုတင်ပြပေးခြင်းဖြစ်ကြောင်း ကော်မတီ၏ သဘောထားအား လွှတ်တော်ထံ တင်ပြခဲ့သည်။

“ (၁) နိုင်ငံသားလုပ်ငန်းရှင်တွေရဲ့ နစ်နာဆုံးရှုံးမှုပါ။လုပ်ငန်းရှင်တွေအနေနဲ့ ဒီလုပ်ငန်းကို တရားနည်းလမ်းတကျ ရရှိခဲ့မယ်။ဒီလုပ်ငန်းတွေကိုလည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ဖြစ်မယ် ဆိုရင် သူတို့ရဲ့ နစ်နာမှုကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်တယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ်။ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကြီး ဒီလိုရှိနေခြင်းဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပါ။နိုင်ငံတော် ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ဆိုတဲ့နေရာမှာ နိုင်ငံသားတစ်ဦးချင်းရဲ့ နစ်နာမှုနဲ့ အခွင့်အရေးတွေကိုလည်း ကျွန်တော်တို့က ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ယုံကြည်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ဒုတိယကတော့ သက်ဆိုင်ရာ ဌာနရဲ့ တာဝန်ခံဝန်ထမ်းတွေ ဝန်ကြီးဌာနရဲ့ တာဝန်ခံ တာဝန်ယူမှုတွေ ဖြစ်ပါတယ်။နိုင်ငံတော်အကျိုးအတွက် တရားနည်းလမ်းကျစွာ စဉ်းစားဆ့ုးဖြတ်ပြီးတော့ မဖြစ်မနေ လုပ်ဖို့ လိုအပ်လို့ ဆောင်ရွက်ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုလို့ရှိရင် ဒီလို တာဝန်ရှိတဲ့ ဝန်ထမ်းဌာနတွေ ရဲ့ တာဝန်ယူ၊တာဝန်ခံမှုကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။နံပါတ်၃ကတော့ အချိန်ကာလပါ။ဒီအသုံးစရိတ်တွေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှာ သုံးစွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာလက သုံးစွဲခဲ့တာမှာ တည်ဆဲ ဘဏ္ဍာရေးစည်းမျဉ်းအရ ရန်ပုံငွေလွဲပြောင်းသုံးစွဲ ဖို့အတွက် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။သို့သော်လည်း ဘဏ္ဍာရေးနှစ် ကုန်ဆုံးခံနီးဖြစ်လို့ ဒီလို ရန်ပုံငွေ လွဲပြောင်းသုံးစွဲခြင်းကို ခွင်မြပြုတဲ့ အတွက် ခုလို နောက်ကြောင်းပြန်တောင်းခံရတဲ့ အခြေအနေ ဆိုက်ရောက်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းအတွင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ကျွန်တော်တို့ရဲ့ သက်တမ်းအတွင်းမှာပဲ ရှင်းလင်းဆောင်ရွက်သင့်ပါကြောင်း ထောက်ခံတင်ပြခြင်းပဲ ဖြစ်ပါတယ်“ဟု ဦးအောင်မင်းက ပြောသည်။

ယင်းနောက် ဦးအောင်မင်းက ထိုအသုံးစရိတ်ကို လွယ်လင့်တကူ ထုတ်ယူသုံးစွဲခွင့်ပေးလိုက်သည်မျိုးမဟုတ်ဘဲ စုံခုံဖွဲ့စစ်ဆေးပြီး ထုတ်ယူသုံးစွဲစေမည်ဟု လွှတ်တော်ကို အစီရင်ခံပြီး စုံခုံထဲ လွှတ်တော်၊စာရင်းစစ်ချုပ်ရုံး၊ဝန်ကြီးဌာနဘက်မှ ကိုယ်စားလှယ်များပါမည်ဟု ရှင်းပြသည်။

စုံခုံအဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းများကို ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့သည့် ကိစ္စ၊ရန်ပုံငွေပြောင်းလဲသုံးစွဲရန် တင်ပြခဲ့သည့်အပေါ် ခွင့်ပြုချက်မရခဲ့သည့်ကိစ္စ၊ကုန်ကျစရိတ်မှန်၊မမှန် ၊လုပ်ထုံးလုပ်နည်းများနှင့် ညီ၊မညီကို စစ်ဆေးကြမည်ဖြစ်ကာအစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရမည်ဟု ဦးအောင်မင်းက ဆက် ပြောသည်။

တစ်ဖက်နှင့် တစ်ဖက် ထိုသို့ ဖြစ်နေ၍ ပြည်ထောင်စုလွှတ်တော်နာယက က မဲခွဲ ဆုံးဖြတ်ခဲ့ရာ ဒေါ်ခင်စန်းလှိုင်၏ အဆိုရှုံးသွားခဲ့သည်။

ထို့ကြောင့် ဒေါ်ခင်စန်းလှိုင်၏ ကန့်ကွက်မှုငွေအပါအဝင် စက်မှုဝန်ကြီးဌာန၏ တောင်းခံမှုအားလုံးအား ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ လွှတ်တော်က ငွေကျပ်သန်း ၂၃၀၀ကျော်ဖြတ်တောက်ပြီး သဘောတူ အကုန်ခွင့်ပြုပေးလိုက်သည်။

Myanmar Harp

The Review

macOS Sierra

82% Score

A wonderful serenity has taken possession of my entire soul, like these sweet mornings of spring which I enjoy with my whole heart. I am alone, and feel the charm of existence in this spot, which was created for the bliss of souls like mine.

PROS

  • Good low light camera
  • Water resistant
  • Double the internal capacity

CONS

  • Lacks clear upgrades
  • Same design used for last three phones
  • Battery life unimpressive

Review Breakdown

  • Design 90%
  • Performance 80%
  • Camera 90%
  • Battery 70%
  • Price 80%
Exit mobile version