ဆရာမနှင်းနု ရေဆေးပေးသည့်အကြောင်းပါ ထည့်သွင်း ထွက်ဆိုသွား
နေပြည်တော်၊စက်တင်ဘာ ၁၁ရက်
“ကိုကိုအငယ်၊ကိုကိုအကြီး လုပ်တာ“ဟု ဗစ်တိုးရီးယားလေး က ယနေ့ တရားခွင်တွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
ဗစ်တိုးရီးယားလေးကို ကျူးလွန်ခဲ့သူ မည်သူဖြစ်ကြောင်း ရုံးတော်က မေးမြန်းရာ၊ဗစ်တိုးရီးယားလေးက အထက်ပါ အတိုင်းထွက်ဆို ခဲ့ခြင်းဖြစ်သည်။
တရားလိုရှေ့နေဒေါ်ရွက်နုအောင်က “စီစီတီဗီမှာပါတဲ့ကိုအောင်ကြီးထွက်သွားတဲ့ပုံတွေကိုပြမေးတယ်။သမီးကဒါကိုမသိဘူးလို့ပြောတယ်“ဟု သတင်းထောက်များကို ပြောပြသည်။
ရုံးတော်က ဗစ်တိုးရီးယားလေးကို ဓါတ်ပုံများ တစ်ခုပြီး တစ်ခုပြကာ မေးခဲ့သည်ဟု ဒေါ်ရွက်နုအောင်က ဆက်ပြောပြသည်။
“သမီးလေးကတာ့ဒီအမှုတစ်ခုလုံးမှာအဓိကကျတဲ့သက်သေဘဲလေ။ရုံးတော်ကလည်းသမီးလေးရဲ့ ထွက်ဆိုချက်တွေကိုမြင်တွေ့တဲ့အခါမှာအရမ်းကိုအံ့သြသွားကြတယ်“ဟု ၎င်းက ပြောပြသည်။
ယင်းအပြင် ဆရာမနှင်းနုက သူမ၏ ဖင်ကိုရေဆေးပေးသည့် အကြောင်းကိုပါ ဗစ်တိုးရီးယားလေးက ထွက်ဆိုသွားခဲ့ကြောင်းလည်း တရားလိုရှေ့နေက ပြောပြခဲ့သည်။
“ကလေးက ကိုကိုညီညီလို့မသုံးသွားဘူး။ကိုကိုအငယ်က သူ့ရင်ဘတ်တွေကိုထုတယ်။ကိုကိုအကြီးကတော့ သူရဲ့ဖင်ဘုကိုဆိတ်တယ် အဲလိုမျိုးပြောပါတယ်“ဟု တရားလိုရှေ့နေဒေါ်ရွက်နုအောင်က ထပ်လောင်းပြောပြသည်။
ရဲက ယာဉ်မောင်း ကို အောင်ကြီးကို ဗစ်တိုးရီးယားလေးအား ကျူးလွန်သူအဖြစ် စွပ်စွဲပြီး ရုံးတော်တွင် တရားစွဲဆို ထားသည်။
Myanmar Harp