စက်တင်ဘာလ ၆ရက်နေ့မနက်က အခေါက်ရွှေ ၁ကျပ်သား ၁၃သိန်း၁သောင်းကျော်ရှိခဲ့ရာမှ ယနေ့ညနေပိုင်းတွင် ၁ကျပ်သား ၁၂သိန်းခွဲသာရှိတော့
ရန်ကုန်၊စက်တင်ဘာ ၈ရက်
ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အခေါက်ရွှေဈေးနှုန်းပြောင်းလဲနေမှုများက သမိုင်းတစ်လေ ျှာက် ပထမဦးဆုံးဖြစ်ပေါ်သည့် စံချိန်တင်အကျကြမ်းမှုဟု ဆိုရမည်ဖြစ်သည်။
စက်တင်ဘာလ ၆ရက်နေ့မနက်က ၁ကျပ်သား ၁၃သိန်း၁သောင်းကျော်ရှိခဲ့သည့် ဈေးမာခဲ့သည့် အခေါက်ရွှေဈေးသည် ယနေ့စက်တင်ဘာလ ၈ရက်နေ့ညနေပိုင်းတွင် ၁ကျပ်သား ၁၂သိန်းခွဲသာရှိတော့သည်အထိ ၃ရက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆၀၀၀၀ကျော် ကျသွားခဲ့ခြင်းကြောင့်ဖြစ်သည်။
ဈေးကျမှုသည် စက်တင်ဘာလ ၆ရက်နေ့ နေ့လယ် ၁၂း၃၀မှ စပြီး ကျဆင်းခဲ့ခြင်းဖြစ်ပြီး ထိုနေ့တစ်ရက်ထဲမှာပင် ၁ကျပ်သား ကျပ်၄သောင်းထိုးဆင်းသွားခဲ့သည်။
နောက်တစ်ရက် နေ့လယ်ကစပြီး ကျပ် ၁သောင်းခွဲ ထပ်ကျသွားပြန်သည်။
ယနေ့တွင်လည်း ထပ်ကျသွားပြန်ပြီး ညနေဈေးပိတ်ချိန်တွင် ၁ကျပ်သား ၁၂သိန်းခွဲသာရှိတော့သည်ဟု ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးကျော်ဝင်းက ကမ္ဘာ့ရွှေဈေးကျခြင်း၊နိုင်ငံတော်ဘက်က ရွှေဈေးတည်ငြိမ်အောင် ထိန်းကျောင်းပေးခြင်းစသည့် ပူးပေါင်းဆောင်ရွက်ချက်များကြောင့် ဖြစ်သည်ဟု ပြောသည်။
Myanmar Harp
Photo by Zwe Htet Gold& Jewellery