ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေမှာ မြန်မာဒုက္ခသည်တွေထံကနေ သွေးနမူနာတွေကို NGO အဖွဲ့ အစည်းတစ်ခုက စုဆောင်းနေတယ်လို့ EULEDEAR သတင်းဌာနက ဖော် ပြထားပါတယ်။
သွေးနမူနာတွေကတဆင့် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေရဲ့ DNA ကို စီစစ်ဆောင်ရွက်လျက်ရှိတာလို့ အဲဒီသတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။
အဆိုပါ NGO အဖွဲ့ အစည်းတစ်ခုဟာ Shoklo Malaria Research Unit (SMRU) ဖြစ်ပြီး USAID ရဲ့ ရန်ပုံငွေပံ့ပိုးကူညီမှုရရှိထားတယ်လို့လဲ ဆိုပါတယ်။
Shoklo Malaria Research Unit (SMRU) ဟာ အမျိုးမျိုးသော ကူးစက်ရောဂါတွေ၊ အဓိကအားဖြင့် ငှက်ဖျားနဲ့ တီဘီရောဂါဆိုင်ရာ သုတေသနတွေကို လုပ်ဆောင်နေတာဖြစ်ပြီး နယ်စပ်ဒေသမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
SMRUဟာ ပရဟိတအသွင်ဆောင်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို အဓိကအားဖြင့် လူသားကို အသုံးချပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာလို့လည်း သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဆက်လက်ဖတ်ရှုရန် Link……
http://euleader.org/press/usa-conducting-human-experiments-on-thai-myanmar-border/