ဥပဒေအသစ်တစ်ရပ်ပြဌာန်းနိုင်ရန်ကြိုးပမ်းနေသည့် အင်ဒိုနီးရှားအစိုးရ၏လုပ်ရပ်ကိုရပ်တန့်ပေးရန် ဂျကာတာမြို့တော်ရှိ လွှတ်တော်အဆောက်အဦးအပြင်ဘက်တွင် ကျောင်းသားများကဆန္ဒပြတောင်းဆိုနေကြသည်။
အစိုးရ၏ဥပဒေအသစ်ထဲ၌အိမ်ထောင်ရေးဖောက်ပြန်သူများကိုအရေးယူသွားမည်ဖြစ်ပြီး အဂတိလိုက်စားမှုများကိုပြစ်ဒဏ်များလျော့ချ၍ထည့်သွင်းထားသည်ဟု ဆန္ဒပြသူများက ပြောကြသည်။
၎င်းဥပဒေအသစ်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကို ခြိမ်းခြောက်နေသည်ဟုအင်ဒိုလူ့အခွင့်အရေးလုပ်ရှားသူတစ်ဦးက ပြောသည်။
အဂတိတိုက်ဖျက်ရေးကော်မတီ၏လုပ်ပိုင်ခွင့်အာဏာများကို ဥပဒေအသစ်ကမထီမဲ့မြင်ပြုရာကြနေသည်ဟုကော်မရှင်အဖွဲ့ဝင်တစ်ဦးကလေည်း ပြောကြားထားသည်။
နိုင်ငံတော်သမ္မတကိုစော်ကားသည့်သူများကိုလည်း ထောင်ချနိုင်ရန်ဥပဒေအသစ်ထဲ၌ထည့်သွင်းထားသေးသည်ဟုသိရသည်။
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း၌ အဆိုပါဥပဒေအသစ်ကို ဆန္ဒပြနေကြသည်ဟုသိရသည်။
ဂျကာတာမြို့၌ဆန္ဒပြနေကြသည့်ကျောင်းသားများသည် ရဲတပ်ဖွဲ့၏ဖြိုခွဲမှုများကြောင့် ဒဏ်ရာရရှိသူဦးရေများပြားနေသည်ဟုသိရသည်။
Ref ; Thousands protest against new criminal code in Indonesia