PP 003
နေပြည်တော်၊နိုဝင်ဘာ ၁၈
စစ်ပွဲနဲ့ မဆိုင်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားတာဟာ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အပြုအမူလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLDက မိုင်းရှူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောပါတယ်။
နိုဝင်ဘယ ၁၈ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။
နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေရှာကြဖို့နဲ့ စစ်ရေးနည်းနဲ့အဖြေရှာပါက စစ်ဘောင်ပိုကျယ်လာဖို့သာရှိကြောင်းလည်း ၎င်းကပြောပါတယ်။
“ပဋိပက္ခတွေကြားမှာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့သူတွေကို ဓါးစာခံ အဖြစ်ဖမ်းဆီးထားခြင်းက လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းတဲ့ အပြုအမူ တစ်ရပ်ဖြစ်သလို ငြိမ်းချမ်းစွာ အတူနေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုး အချင်းချင်းကြားမှာ မယုံကြည်မှုတွေနဲ့ အမုန်းတရားတွေ ကြီးထွားလာစေတဲ့ အကျိုးကိုခံစားကြရပါတယ်”လို့ ၎င်းက ပြောပါတယ်။
ချင်းအမတ် ဦးဝှေ့တင်းကို AA အဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့ကတည်းက ဖမ်းဆီးသွားခဲ့နာဖြစ်ပြီး နှစ်ပတ်ကျော်ကြာတဲ့အထိ ပြန်မလွှတ်ပေးပါဘူး။
ဦးဝှေ့တင်းက ရခိုင်နဲ့ ရှမ်းလူထုကြား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဆောင်ရွက်နေတာကြောင့် ဖမ်းဆီးခဲ့တာလို့ AAဘက်က စွပ်စွဲထားပြီး အဲဒီစွပ်စွဲချက်က လုံးဝမှန်ကန်မှုမရှိဘူးလို့ မတူပီ ပြည်သူ့လွှတ်တော်အမတ်က ဆိုပါတယ်။
ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာလှမိုးတင်သွင်းတဲ့ AAဖမ်းထားတဲ့ ချင်းအမတ်ဦးဝှေ့တင်းအပါအဝင် အပြစ်မဲ့ပြည်သူများ ချွင်းချက်မရှိပြန်လွှတ်ပေးရေး အရေးကြီးအဆိုကို မဲခွဲ အတည်ပြုခဲ့ပါတယ်။