PP003
ရန်ကုန်၊ နိုဝင်ဘာ ၁၃
၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်မဲနဲ့ မတရားအနိုင်ရရှိတာတွေ မဖြစ်စေဖို့ အလေးထားဆောင်ရွက်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။
ယနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း အဖွင့်မိန့်ခွန်း ပြောကြားရာမှာ အထက်ပါ အတိုင်းပြော ကြားခဲ့တာပါ။
ပြီးခဲ့နဲ့ရွေးကောက်ပွဲတွေမှာလည်း ကြိုတင်မဲနဲ့ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေရှိခဲ့ပြီး အဲဒီလို ထပ်မဖြစ်ဖို့ ရွေးကော်မှာ တာဝန်ရှိတယ်လို့လည်း ၎င်းကပြောပါတယ်။
“ကြိုတင်မဲတွေနဲ့ မတရားသဖြင့် အနိုင်ယူတယ်ဆိုတာ ဖြစ်ပေါ်ခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ ကော်မရှင် လက်ထက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ဘယ်လိုနည်းနဲ့မှ အနိုင်ယူလို့မရအောင် ဘယ်လိုနည်းနဲ့မှ ပွားလို့မရအောင် ကျနော်တို့ ကော်မရှင်မှာ တာဝန်ရှိပါတယ်” လို့ ၎င်းကဆိုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စံပြဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း ၎င်းက ကတိပေးပါတယ်။