နေပြည်တော်၊စက်တင်ဘာ ၂ရက်
ဂျပန်အစိုးရလှူထားသော ရခိုင်ပြည်နယ်ရှိ ကျောင်းများကို အိန္ဒိယအစိုးရက စာကြည့်တိုက်ပစ္စည်းနှင့်ဆော့ဝဲလ်များထောက်ပံ့ရန်အတွက် အိန္ဒိယသံရုံးက ပညာရေးဝန်ကြီးဌာနနှင့် သဘောတူညီချက်လက်မှတ်ရေးထိုးလိုက်ပြီဟု သိရသည်။
သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးH.E. Mr. Saurabh Kumar နှင့်ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းတို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံအစိုးရအကူအညီဖြင့်ရခိုင်ပြည်နယ်စစ်တွေ၊မာန်အောင်၊ပေါက်တော၊မောင်တောနှင့်မြေပုံမြို့နယ်များတွင်တည်ဆောက်ခဲ့သောကျောင်း၁၅ကျောင်းရှိရာ ထိုကျောင်း ၁၅ကျောင်းကို အိန္ဒိယအစိုးရက စာကြည့်တိုက်ပစ္စည်းများနှင့်ဆော့ဖ်ဝဲများထောက်ပံ့မည်ဟု သိရသည်။
နောင်နောင်/Myanmar Harp