ထိုင်းနိုင်ငံ နကော်စီ အယုဒ်ဓယ ခရိုင်အတွင်းက ရိုချန အကြီးစားစက်ရုံ မှာ မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀ အလုပ်ဖြုတ်ခံရကြောင်း သိရပါတယ်။
အဆိုပါမြန်မာနိုင်ငံသားတွေဟာ အလုပ်သမားစာချုပ် သက်တန်းမပြည့်ခင် ခုလို အလုပ်ဖြုတ်ခံကြရတာပါ။
ထိုင်းနိုင်ငံ ခွျှန်ဘူရီခရိုင် စီရာချာ မြို့က အလုပ်သမား ၄၀၀ ကျော်ရှိတဲ့ စက်ရုံဟာလည်း ပြီးခဲ့တဲ့ တပါတ်က အလုပ်သမားတွေကို ကြိုတင် အသိမပေးဘဲ ရုတ်တရက် ပိတ်လိုက်ပါတယ်။
တရုတ်နဲ့ အမေရီကန်တို့ရဲ့ စီးပွားရေးစစ်ပွဲရဲ့ အကျိုးဆက်တွေမှာ အာရှနိုင်ငံတွေက စက်မှုဇုံပွားရေးလုပ်ငန်းတွေ ဟာ တရုတ်နွယ်ဖွားတွေများတာကြောင့် လုပ်ငန်းတွေအရူံးပေါ်လို့ စက်ရုံတွေပိတ်ရတဲ့အခါမှာ တရုတ်စီးပွာ ရေး လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့် နာမည်ခံပေးတဲ့ ဌာနေနိုင်ငံသားတွေအတွက်လည်း ထိခိုက်ပါလိမ့်မယ် ပညာရှင်တွေကဆိုပါတယ်။
လာမယ် ၂၀ ၂၀မှာ အာရှဒေသတွင်းအလုပ်သမား အလုပ်လက်မဲ့
ဦးရေ ပိုးတိုးပွားမယ်လို့ ပညာရှင်တွေကသတိပေးထားပါတယ်။
၂၀၂၀ ထိုင်းတစ်နိုင်ငံထဲမှာတင် လုပ်သား ၅၀၀၀၀၀ (ငါးသိန်းကျော်) အလုပ်လက်မဲ့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက EU က ထိုင်းနိုင်ငံကို GSP အခွင့်အရေးတွေ ရုပ်သိမ်းခဲ့ပါတယ်။
Credit – Social Action for Children and Women