NLDအစိုးရလက်ထက် ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်မည့် ဒုတိယမြောက်စက်မှုမြို့တော်ဖြစ်လာမည်
ရန်ကုန် စက်တင်ဘာ ၂၈ရက်
မြန်မာနှင့်စင်္ကာပူနိုင်ငံတို့ပူးပေါင်း၍စက်မှုမြို့တော်တစ်ခုတည်ထောင်ရန်ဆွေးနွေးနေကြောင်း သိရသည်။
(၇)ကြိမ်မြောက်မြန်မာ-စင်္ကာ ပူဝန်ကြီးအဆင့်ပူးတွဲလုပ်ငန်း ကော်မတီအစည်းအဝေးတွင်မြန် မာနိုင်ငံဘက်မှသီလဝါအထူးစီးပွားရေးဇုန်၊ ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းတို့ ဆောင်ရွက်သကဲ့သို့စင်္ကာပူနိုင်ငံ နှင့်စက်မှုမြို့တော်ပုံစံတည်ထောင်ရန် မြန်မာနိုင်ငံဘက်က ကမ်းလှမ်းထားပြီး စင်္ကာပူနိုင်ငံဘက်မှလည်းကမ်းလှမ်းမှုအပေါ်ဆောင်ရွက်ရန်ဆန္ဒရှိနေ ကြောင်းရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားရေးမှူးဦးစီးဌာနမှညွှန်ကြားရေးမှူးဦးမင်းဇော်ဦးကပြောသည်။
“ကျွန်တော်တို့ဝန်ကြီးက ကမ်း လှမ်းတယ်။စင်္ကာပူနိုင်ငံဘက်က လည်းသူတို့မှာအတွေ့အကြုံရှိနေ တာကြောင့်စိတ်ဝင်စားပါတယ်။”ဟု၎င်းကပြောသည်။
စင်္ကာပူနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်စက်မှုမြို့တော်အဖြစ်လာရောက်ရင်းနှီးမြှပ်နှံမည်ဆိုပါ ကမြန်မာနိုင်ငံဘက်ကမြေနေရာစီစဉ်မည်ဖြစ်ကြောင်းသိရ သည်။
မြန်မာနှင့်စင်္ကာပူနိုင်ငံတို့အကြားရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး နှင့်အကာအကွယ်ပေးရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်ကိုစက် တင်ဘာ၂၄ရက်ကလက်မှတ်ရေး ထိုးခဲ့ကြသည်။
(၇)ကြိမ်မြောက်မြန်မာ-စင်္ကာ ပူဝန်ကြီးအဆင့်ပူးတွဲလုပ်ငန်း ကော်မတီအစည်းအဝေးတွင်မြန် မာနိုင်ငံသည်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးကဏ္ဍနှင့် စက်မှုဇုန်များ၊အသေးစားနှင့်အ လတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုး ရေးအတွက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးနှင့်အထောက်အပံ့ များ၊မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ဘဏ္ဍာ ရေးနှင့်ဘဏ်လုပ်ငန်း၊ဥပဒေနှင့််အ သိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင်ပိုမိုနီး ကပ်စွာပူးပေါင်းဆောင်ရွက်ရန်ုဆွေးနွေးထား ကြောင်းသိရသည်။
၁၉၈၈ခုနှစ်မှယခုနှစ်စက်တင် ဘာ၂၄ရက်အထိမြန်မာနိုင်ငံ၌စ င်္ကာပူနိုင်ငံ၏ရင်းနှီးမြှပ်နှံမှုစီမံ ကိန်း၃၁၂ခုခွင့်ပြုခဲ့ပြီးရင်းနှီးမြှပ်နှံမှု ပမာဏသည်ကန်ဒေါ်လာ၂၂ဘီ လီယံကျော်ရှိကာစုစုပေါင်းနိုင်ငံ ခြားရင်းနှီးမြှပ်နှံမှုပမာဏ၏၂၇ရာ ခိုင်နှုန်းဖြစ်ကြောင်းသိရသည်။
၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် အတွင်းနှစ်နိုင်ငံကုန်သွယ်မှုပမာ ဏမှာကန်ဒေါ်လာ၃ဒသမ၈၃၈ဘီ လီယံရှိခဲ့ကြောင်း မြန်မာနိုင်ငံစီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။
Myanmar Harp