နေပြည်တော်၊နိုဝင်ဘာ ၅ရက်
ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ကျည်ဆံများတွေ့ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ယနေ့ ညနေပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင်၁၄၃/၆-၁၄၃/၇ အကြား တံတား အောက် လက်ယာရေထုတ်မြောင်းအတွင်း တွင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာတွင် တွေ့ရှိသည့် ကျည်ဆံများမှာ ပွိုင့် ၃၀ကျည်(၁၀၀)တောင့်ပါကျည်အိတ်(၃)အိတ် စုစုပေါင်း ကျည်(၃၀၀) တောင့်ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ကျည်ဆံများတွေ့ရှိပုံက ဒေသခံတစ်ဦး ရေမြောင်းအတွင်းဂုံးစမ်းစဉ် ကျည်ဆံများတွေရှိခဲ့ခြင်းဖြစ်ဟု ရဲက ရှင်းလင်းပြောဆိုထားသည်။
ဓါတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံး