လက်နက်တပ်ဆင်လေ့ကျင့်ပေးနေသော်လည်း ၎င်းတို့လက်အောက်ခံမဟုတ်ဟု တပ်မတော်ဖြေကြား
နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက်
ပြည်သူ့စစ်အဖွဲ့များ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်များကို မည်သူ တာဝန်ခံမည်နည်းဟု NLD အမတ်တစ်ဦးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်။
မေးခွန်းထုတ်သူမှာ ပေါင်မဲဆန္ဒနယ်မှ မိကွန်ချမ်းဖြစ်ပြီး သူမက ၎င်းမဲဆန္ဒနယ်မှထန်းပင်ချောင်း တွင် ဖြစ်ခဲ့သည့် ပြည်သူ့စစ်အဖွဲ့ တစ်ခု၏ ဥပဒေမဲ့ လုပ်ရပ်တစ်ခု အပါအဝင် ပြည်သူ့စစ်အချို့၏ ဥပဒေမဲ့ သစ်မှောင်ခိုခိုးထုတ်၊မူးယစ်ဆေးရောင်းဝယ်မှု စသည်တို့ကို ဥပမာပြပြီး မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတွင် ပြည်သူ့စစ်များကို ပြည်သူ့ကောင်စီလက်ထက် ၁၉၇၅-၁၉၇၆ခုနှစ်ဝန်းကျင်က စပြီး စတင်ဖွဲ့စည်းခဲ့ကာ လက်ရှိတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ၆၀၀၀ကျော်ရှိကာ ပေါင်မြို့နယ် တစ်ခုထဲမှာပင် ပြည်သူ့စစ်ရှိသည့် ရွာ ၄၅ရွာ ရှိနေသည်။
မိကွန်ချမ်းက “ပြည်သူ့စစ် တွေရဲ့ ရည်ရွယ်ချက်က ပြည်သူနဲ့အတူ ပြည်သူ့တွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရမယ်လို့ ဆိုထားပါတယ်။ကြားသိနေရတဲ့ ပြည်သူ့စစ်တွေရဲ့လုပ်ဆောင်ချက်တွေက ရှမ်းပြည်တောင်ပိုင်းတွေမှာ မူးယစ်ဆေးဝါးတွေဖမ်းမိတာ။ ပြည်သူ့စစ်အဖွဲ့တွေ လုပ်ကိုင်နေတာ။နောက်တစ်ခါ နယ်စပ်တွေမှာ အများအားဖြင့် သစ်တွေ မှောင်ခိုခိုးထုတ်တာတို့၊ပင်လယ်နဲ့ထိစပ်တဲ့ ကျေးရွာတွေမှာ ဆိုရင်လည်း သစ်တွေကို မှောင်ခိုခိုးထုတ်နေတာ ပြည်သူ့စစ်တွေပဲ ဖြစ်ပါတယ်။ ကျေးရွာတွေမှာ နေတဲ့ ပြည်သူတွေအားလုံး ပြည်သူ့စစ်အကြောင်း ကောင်းကောင်းသိပါတယ်“ဟု ပြောဆိုမေးမြန်းသည်။
ယင်းအပြင် သူမက ပြည်သူှုစစ်များအား အာဏာ၊လက်နက်ဝလုပ်ပိုင်ခွင့်များ ပေးထားမည်ဆိုပါက အချိန်အခါမရွေး လူမှုရေးပဋိပက္ခများဖြစ်ပေါ်လာနိုင်သည့်အပြင် အာဏာအလွဲသုံးစားပြုလုပ်မှုများပါ ရှိလာမည်ဖြစ်ကြောင်း ထောက်ပြ၍လည်း မေးခွန်းကို ဆက်မေးခဲ့သည်။
မိကွန်ချမ်း၏ မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဖြေကြားရာတွင် တည်ဆဲ နိုင်ငံတော်၏ကာကွယ်ရေးမူဝါဒအရ ပြည်သူ့စစ်များကို ပြည်သူ့အကျိုးဆောင်ရွက်ရန်၊တပ်မတော် နှင့် ပူးတွဲဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောပြီး ပြည်သူှုစစ်များ အား လေ့ကျင့်ပေးခြင်း၊ဖွဲ့စည်းပေးခြင်း၊လက်နက် တပ်ဆင်ပေးခြင်း အား တပ်မတော်က ဆောင်ရွက်ကြောင်း လွှတ်တော်မှတဆင့် ရှင်းလင်းဖြေကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က “ပြည်သူ့စစ်တွေက ကျနော်တို့ တပ်မတော်သားအဖွဲ့အစည်းမဟုတ်ပါဘူး။ သူတို့ဟာ အရပ်ဘ က်အဖွဲ့အစည်းတွေဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့ကြောင့် ဥပဒေမဲ့ ဆောင်ရွက်မှုများကို အရပ်ဖက်ဥပဒေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဆက်ရှင်းပြသည်။
ရှင်းပြရာတွင် ပြည်သူှုစစ်အဖွဲ့ဝင် တစ်ဦး သေနတ်ပစ်ဖောက်လိုက်၍ ပြည်သူတစ်ဦး ထိမှန်သေဆုံးသွားခဲ့သည့်အပေါ် အရပ်ဖက် တရားရုံးက ထောင်ဒဏ် ၁နှစ် ချလိုက်သည့်ကိစ္စအပါအဝင် အရပ်ဖက်တရားရုံး၏ အပြစ်ပေးအရေးယူမှုများကိုပါ ထည့်သွင်းရှင်းလင်းပြောဆိုခဲ့သည်။
Myanmar Harp