PP 003
တောင်ကြီး၊ နိုဝင်ဘာ ၁၉
လူထုတွေ့ဆုံပွဲတွင် ပြည်သူများများ လွတ်လွတ်လပ်လပ်တက်ရောက်ခွင့်ရှိရမည်ဟု နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။
တောင်ကြီးမြို့တွင် ယနေ့နေ့လယ်ပိုင်းက ကျင်းပသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် လူ တွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်မနားထောင်တဲ့အခါ တက်လာတဲ့အထဲမှာ မြို့မိမြို့ဖတွေက နည်းနေတယ်။ မြို့မိမြို့ဖက ၃ယောက်၊ ပြည်ထောင်စုဝန်ကြီးတွေက ၇ယောက်ဆိုတော့ နည်းနည်းမမျှတဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ တစ်နေရာ တစ်ရာလာလို့ရှိရင် ဒေသခံတွေနဲ့ တွေ့ချင်တယ်။ ထိတွေ့ချင်တယ်။ ဒါကြောင့် ပြည်သူတွေနဲ့တွေ့ဆုံပွဲ လုပ်တာပါ။ ဒါပေမယ့် ဒီတွေ့ဆုံပွဲက အရမ်းစည်းကမ်းရှိလွန်းအားကြီးတယ်။ ပြည်သူတွေကို ဘယ်လိုများရွေးလဲ။ ပြည်သူတွေ့ ဆုံပွဲဆိုတာက ပြည်သူတွေကနေ မိမိတို့သဘော၊ မိမိတို့ဆန္ဒနဲ့ လာပိုင်ခွင့်ရှိရမယ်။ စိစစ်ပြီးတော့ သွင်းတဲ့ဟာမျိုးကို ကျွန်မတို့ ဒါမျိုးကို ဦးတည်တာမဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။
ယင်းအပြင် လွတ်လပ်ရေးရပြီးချိန်မှစ၍ လက်ရှိအချိန်ထိ ပြည်တွင်းစစ်မီးငြိမ်းခဲ့သည့် အချိန်မရှိသေးကြောင်း၊ ယင်း စစ်မီးကို ငြိမ်းအောင် ၎င်းတို့၏ မျိုးဆက်တွင် ဆောင်ရွက်သွားချင်ကြောင်း၊ နောင်မျိုးဆက်များအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် မချန်ခဲ့ချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။