PP006
ရန်ကုန်၊စက်တင်ဘာ ၁၁
မီတာဖတ်သည့်စနစ်ကို ရန်ကုန်တစ်တိုင်းလုံးတွင် ပြောင်းလဲကျင့်သုံးသွားတော့ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌဦးမောင်မောင်လတ် ကပြောသည်။
ယင်းသို့ပြောင်းလဲရန် စီစဉ်ခြင်းမှာလျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့ကျသွားစေနိုင်ရန်ဖြစ်ပြီး ရန်ကုန်တစ်တိုင်းလုံးအတွက် အဆိုပါစနစ်ပြောင်းလဲရန်အချိန်သုံးနှစ်ခန့်ကြာမြင့်နိုင် မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ဒီဂျစ်တယ်အိမ်သုံးမီတာများ HHU ဖြင့်မီတာ ဖတ်သည့် OMR စနစ်မှ Advance Metering Infrastructure(AMI )စနစ်သို့ ပြောင်းလဲဆောင်ရွက်ခြင်းကို ပိုင်းလော့ပရော့ဂျက်အဖြစ် ဒေါပုံမြို့နယ်နှင့်ပန်းပဲတန်းမြို့နယ်တို့တွင်အကောင်အထည်ဖော်ဆောင်ထားကြောင်း၊ယင်းကြောင့် ယခင်ကထက် လစဉ်ပျောက်ဆုံးယူနစ်အတွက်တန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်ပြန်လည်ရရှိခဲ့ကြောင်း၊ယခုအခါ တောင်ဥက္ကလာပမြို့နယ်တွင် စတင်ပြောင်းလဲ ဆောင်ရွက်နေပြီဖြစ်ပြီးလာမည့်ဘတ် ဂျက်နှစ်အတွင်း ခရိုင်တစ်ခုလျှင်မြို့နယ် (၂)မြို့နယ်နှုန်းဖြင့် ပြောင်းလဲ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
AMI စနစ်မှာဆိုသည်မှာထိန်းချုပ်ခန်းမှ မီတာဖတ်ခြင်း၊မီးသုံးစွဲမှု အခြေအနေစောင့်ကြည့်စစ်ဆေးခြင်း နှင့် လျှပ်စစ်မီးဖြတ်တောက်ခြင်း အခြေအနေများကို ဆောင်ရွက်နိုင်သည့် စနစ်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆိုပါစနစ်ကိုဆောင်ရွက်နိုင် မည်ဆိုလျှင်လေလွင့်ဆုံးရှုံးသွားသောဓာတ်အားများထု ထည်ကြီးမားစွာပြန်လည်ရရှိ နိုင်မည်ဖြစ် ကြောင်းလည်း ဦးမောင်မောင် လတ်ကရှင်းပြသည်။
“AMI စနစ်ကိုပြောင်းလဲလိုက်ရင် မိမိတို့ သုံးနေကြတဲ့Smartဖုန်းထဲကတစ် ဆင့်လက်ရှိမိမိတို့ သုံးနေတဲ့ ယူနစ်တွေ၊ဘယ်လောက်ထိ သုံးစွဲပြီးပြီ၊ကျသင့်ငွေဘယ်လောက်ထိရှိနေပြီ စတာတွေကို အသေးစိတ် ကြည့်ရှုနိုင်မှာ ဖြစ်ပြီးတော့ mobile banking စနစ်နဲ့မီတာခပေးဆောင်လို့ ရတဲ့ အခြေအနေထိ ဖြစ်လာနိုင်မှာပါ”ဟုယင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် မီးသုံးစွဲသူ ၁၃သိန်းရှိပြီ်း ဇူလိုင်လကလျှပ်စစ်ယူနစ် ၁၃ဒသမ ၇၆သန်းပျောက်ခဲ့သောကြောင့် ငွေကျပ် ၁၁ ဘီလီယံဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်းရန်ကုန် တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း၏စာရင်းဇယားများအရသိရသည်။