ဆွေးနွေးပွဲတက်မတက် ယတိပြတ်မပြောနိုင်သေးကြောင်း TNLA ပြော
PP003
ရန်ကုန်၊ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းရေးထပ်မံဆွေးနွေးရန် မြောက်ပိုင်း လက်နက်ကိုင် ၄ ဖွဲ့ကို အစိုးရက စက်တင်ဘာ ၉ရက်က ဖိတ်ကြားလိုက်သည်။
မြောက် ပိုင်းမဟာမိတ်လေးဖွဲ့မှ မိုင်းလား၊ ပန်ဆန်းနှင့် တရုတ်ပြည်တစ်နေရာ ရာတွင် တွေ့ဆုံ ရန်အဆိုပြုထားပြီး အစိုးရဘက်မှ ကျိုင်းတုံတွင်သာ ထပ်မံတွေ့ဆုံရန် စက်တင်ဘာ ၉ရက်နေ့က အဆိုပြု ဖိတ်စာပေးပို့လိုက်ခြင်းဖြစ်သည်။
ကျိုင်းတုံတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ငြိမ်းချမ်းရေးကော်မရှင်မှ အဆိုပြု ဖိတ်ကြားထားသော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ အနေဖြင့်တက်၊မတက် မသေချာသေး ကြောင်း TLNA မှ ဗိုလ်မှူးမိုင်း အိုက်ကျော်က ဆိုသည်။
အစိုးရငြိမ်းချမ်းရေးကော်မရှင် ဘက်က အဆိုပြုရာတွင် စက်တင်ဘာလ ၁၆နှင့် ၁၇ရက်နေ့ နံနက် ၁၀နာရီတွင် ကျိုင်းတုံမြို့၊ ကျိုင်းတုံဟိုတယ်၌ကျင်းပ မည်ဖြစ်ပါသဖြင့် အဖွဲ့အ စည်းများမှ အဆင့်မြင့်ကိုယ်စားလှယ် များ တက်ရောက်နိုင်ရန် ဖိတ်ကြား ကြောင်း ၊အဆိုပါ အစည်းအဝေးကိုတက် ရောက် ရန် လာရောက်မည့် ခရီးစဉ်အရ မိုင်းလား-ကျိုင်းတုံ ယာဉ်တန်းလုံခြုံ ရေး၊ လမ်းကြောင်းလုံခြုံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စအဝဝတို့ကို တာဝန်ယူကြောင်း၊ တို့အနေဖြင့် ငြိမ်းချမ်းရေးခရီးလမ်းတွင် အတူ ပါဝင်လာနိုင်ရေးအောင်မြင်စွာ တွေ့ ဆုံညှိနှိုင်းဆွေးနွေးနိုင်ပါစေကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဖြစ်သည့် ကချင် (KIA) ၊ ကိုးကန့် (MNDDA) ၊ တအာင်း (TNLA) ၊ ရခိုင် (AA) နှင့် အစိုးရငြိမ်းချမ်း ရေးကော်မရှင် တို့ ပြီးခဲ့သည့် ဩဂုတ် ၃၁ရက်နေ့က ရှမ်းပြည်နယ်၊ ကျိုင်း တုံမြို့တွင် တွေ့ဆုံခဲ့ကြပြီး စက်တင် ဘာ ၁၆၊ ၁၇ရက်တို့တွင် ထပ်မံတွေ့ ဆုံရန် သဘောတူခဲ့ကြသည်။