PP003
ရန်ကုန်၊ စက်တင်ဘာ ၁၀
အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင် ၁၀ဖွဲ့၏ တွေ့ဆုံပွဲက ငြိမ်းချမ်းရေးအတွက် အရေးပါသည့် အလှည့်အပြောင်းအချိုးအကွေ့ဖြစ် ဟု NCA-S EAO ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
“ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးပါတဲ့ အလှည့်အပြောင်း အချိုးအကွေ့ဖြစ် လို့ အားလုံးအတွက် လက်ခံနိုင်တဲ့၊ မျှမျှတတဖြစ်စေတဲ့ အဖြေဖြစ်စေတဲ့ ရလာဒ်ကောင်းတွေရဖို့ ကျွန်တော်တို့ ဆွေးနွေးဖော်ဆွေးနွေးဖက်တွေအ နေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တာဝန် ရှိပါတယ်။ ဆွေးနွေးတဲ့နေရာ မှာ NCA ပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ ကျွန် တော်တို့တွေဟာ လုပ်ဖော်ကိုင်ဖက် အဖြစ်ရော၊ တစ်ဖက်က တစ်ဖက်ကို အသာစီး ရလိုမှု၊ အမြတ်ရလိုမှု၊ အနိုင်ရလိုမှု တွေကို ရှေ့တန်းမတင်ဘဲ ပြည်သူ လူထုတစ်ရပ်လုံးအကျိုးအတွက် တစ်လှေတည်းစီး၊ တစ် ခရီးတည်းသွား အဖြစ်နဲ့ပါ တွေ့ကြုံ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဝိုင်း ဝန်း ပူးတွဲနည်းလမ်းရှာ အဖြေရှာမှ သာ အခက်အခဲတွေ ကျော်လွှားနိုင် မှာဖြစ်ပါတယ်” ဟု ၎င်းကပြော သည်။
စက်တင်ဘာလ ၁၀ရက်နေ့၊ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန တွင် ကျင်းပ သည့် နိုင်ငံတော်အစိုးရ ကိုယ်စား လှယ်အဖွဲ့နှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့တို့၏ ညှိနှိုင်းအစည်း အဖွင့်နှုတ်ခွန်း ဆက်စကား ပြောကြားရာ၌ ၎င်းက အထက်ပါ အတိုင်းထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
အရေးပါသည့် အချိုးအကွေ့ဖြစ်သည့်အတွက် ညှိနှိုင်း ဆွေးနွေးရာ၌ အားလုံးအတွက် လက်ခံနိုင်သော မျှမျှတတဖြစ်သော ရလဒ်ကောင်းများထွက်ပေါ်နိုင် ရေးအတွက် အားလုံးတွင်တာဝန် ရှိကြောင်း၎င်းကပြောသည်။
“တချို့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေ ထင်မှတ်ထားသလို ‘NCA-S EAO တွေဟာ NCA ပြင် ပကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေပြီလား’ ဆိုတာ လုံး ဝမဟုတ်ပါဘူး။ ‘NCA သဘောတူ စာချုပ်ပါအချက်အလက်များကို ပြီး စီးအောင်မြင်သည်အထိ မပျက်မ ကွက် အတူတကွပူးတွဲအကောင် အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဋ္ဌာန်ပြုကြသည်’ လို့ NCA နိဒါန်းမှာ အတိအလင်း ဖော်ပြထားတဲ့အတိုင်းပဲ ကျွန်တော်တို့ NCA-S EAO တွေက မယိုင်မလဲ ရပ်တည်နေပါတယ်” ဟု၎င်းကဆို သည်။
စက်တင်ဘာ ၁၀ရက်နှင့် ၁၁ရက်၂ရက်တာဆွေးနွေးကြမည့် အဆို ပါညှိနှိုင်းအစည်းအဝေးတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တရားဝင်ဆွေး နွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေး၊ ၂၀၂၀နှစ်ဦးတွင် ၂၁ရာစုပင်လုံညီလာ ခံ ကျင်းပနိုင်ရေး၊ ၂၀၂၀အလွန် နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆင့် အလိုက်ဆောင်ရွက်ရမည့်အစီအစဉ် များ ချမှတ်နိုင်ရေးအပြင် အစိုးရဘက် မှ အဆိုပြုထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်သွားရမည့် လမ်းစဉ် ၄ရပ်နှင့် ဃြဗ-ှ နဗဥ များဘက်က ပြင်ဆင်ပြုစုထားသည့် NCA သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူ ဘောင်ပါ အချက်အလက်များကို ပွင့်ပွင့်လင်းလင်းနှင့် အကျေအလည် ညှိနှိုင်းသွားကြမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်ငင်းကပြောသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ အစိုးရဘက်မှ ကိုယ်စားလှယ် ၁၀ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင် ဘက်မှ ကိုယ်စားလှယ် ၁၅ဦးတက်ရောက်ဆွေးနွေးနေခြင်းဖြစ်ပြီး စက်တင်ဘာ ၁၁ရက်နေ့ထိ ဆက် လက်ကျင်းပမည်ဖြစ်သည်။